ရေးတော့မယ်ဆိုတော့ ရေးရင်းရေးရင်း လန့်လာတယ်။ ၃မိနစ် ၁၇စက္ကန့်တိုင်း US မှာ လူတယောက် လေဖြတ်သေတယ်။ မိနစ်ဝက်တိုင်း နှလုံးရောဂါကြောင့် US မှာ လူတယောက် သေတယ်။ ရောဂါနှစ်ခုစလုံးက ခန္ဓာကိုယ်မှာ သစ်ပင်ကြီးသဖွယ်ဖြစ်နေတဲ့ သွေးကြောတွေနဲ့ ဆိုင်တယ်။ ဒီနှစ်ခုကြောင့် US မှာ နေ့တိုင်း လူ(၃၀၀၀)သေတယ်။ သေကြလွန်းလို့ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားမှ တော်မည်ပင်။