
ကဗျာများ
ကမ္ဘာကြီးဆိုတာ
၁။ ကမ္ဘာကြီးဆိုတာ
အင်တာနက် မပေါ်ခင်
ဖေ့ဘွတ် ယူကျု့
ဆိုရှယ်မီဒီယာ
ဘာဆိုဘာမှ မရှိခင်ထဲက
သတ္တလောကကို ဖရန့်လုပ်ထားပြီးသား။
၂။ ကမ္ဘာကြီးဆိုတာ
ပန်းချီဆရာတွေ မပေါ်ခင်ထဲက
ရောင်စုံကာလာနဲ့
ရေးခြယ်ပြီးသား ပန်းချီကား။
၃။ ကမ္ဘာကြီးဆိုတာ
အဖေအမေတို့မွေးဖွား
အဖေအမေကစ
ကိုးကွယ်ရာဘုရားထိ
ဖန်တီးနိုင်စွမ်းအား တန်ခိုးရှင်များရဲ့
ဦးခိုက်တော် တန်ခိုးရှင်။
၄။ ကမ္ဘာကြီးဆိုတာ
လူကောင်းလူတော်
လူလိမ္မာတွေအတွက်
အသက်ရှည်ရာရှည်ကြောင်း
သွေးသစ်လောင်းသူ။
၅။ ကမ္ဘာကြီးဆိုတာ
ဘာကိုမှ ခွဲမထား
ဘယ်သူ့ကိုမှ စည်းမခြား
အတိတ် ပစ္စုပ္ပန် အနာဂတ်
လှပတဲ့ သံသရာအတွက်
သူ့ကိုယ်သူ အချိန်ပြည့်
စွန့်လွှတ်သူ။
၆။ ကမ္ဘာကြီးဆိုတာ
တဘဝလေးနေပြီး
လူမျိုး ဘာသာ
အသားအရောင် အဆင့်အတန်း
အဖွဲ့အစည်း အသီးသီးက
ငါစွဲ ငါ့စွဲ ငါငါငါတွေနဲ့
သူတလူ ငါတမင်း
ကြီးနိုင်ငယ်ညှဥ်း လုပ်နေသူတွေကို
ကမ္ဘာကြီးက
အန်ဖရန့် ဒလိ ဘလော့ခ် လုပ်ဖို့ပြင်ပြီ။
၇။ ကမ္ဘာကြီးဆိုတာ
ဆင်ဆင်ခြင်ခြင်နဲ့
တဘာသာက တဘာသာကို တန်ဖိုးထား
ဝါဒတခုက ဝါဒတခုကို လေးစား
မေတ္တာတွေ ပွားပါမှ
ကမ္ဘာကြီး အသက်ရှည် အနာမဲ့
အဲ့ဒါ...
တို့ချစ်တဲ့ ကမ္ဘာ။ ။
စောဝေ
မှော်ဆရာနဲ့နှင်းဆီ